အဂတိလိုက်စားမှု အရှိဆုံး နိုင်ငံစာရင်း မြန်မာ ပါဝင်
This article has been converted from Zawgyi One to Unicode
ကမ္ဘာတဝန်း အဂတိ လိုက်စားမှု အခြေအနေများနှင့် ပတ်သက်၍ Transparency International အဖွဲ့က နှစ်စဉ် အစီရင်ခံစာ ထုတ်ပြန်ရာတွင် ယခု ၂၀၁၂ ခုနှစ်အတွင်း အဂတိ လိုက်စားမှု အရှိဆုံး စာရင်းတွင် မြန်မာနိုင်ငံသည် အဆိုးဆုံးနိုင်ငံများ စာရင်းတွင် ပါဝင်လျှက်ရှိသည်။ စာရင်းပြုစုရာတွင် အဂတိ လိုက်စားမှု အနည်းဆုံးမှ စတင်ဖော်ပြထားပြီး အောက်ဆုံးမှ ပြန်လည် ရေတွက်လျှင် ၅ ခုမြောက် စာရင်းတွင် မြန်မာနိုင်ငံပါဝင်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံထက် အဂတိလိုက်စားသော နိုင်ငံများမှာ အစဉ်လိုက်အားဖြင့် ဆူဒန်၊ အာဖဂန် နစ္စတန်၊ မြောက်ကိုရီယားနှင့် ဆိုမာလီယာ နိုင်ငံတို့ ဖြစ်ကြသည်။ ဆိုမာလီယာနိုင်ငံသည် အဆိုပါ အစီရင်ခံစာအရ အဂတိလိုက်စားမှု အများဆုံး နိုင်ငံဖြစ်သည်။ အစီရင်ခံစာအရ ဒိန်းမတ်၊ ဖင်လန်၊ နယူးဇီလန် နိုင်ငံတို့သည် စစ်တမ်းအရ အမှတ်ပေးစနစ် ဖော်ပြမှုတွင် အမှတ် ၉၀ ရရှိကြပြီး အပေါ်ဆုံး အဂတိလိုက်စားမှု အနည်းဆုံး စာရင်းတွင် ဖော်ပြပါရှိသည်။