သတင်းတို

အိန္ဒိယ သွင်းကုန် ထုတ်ကုန်ဘဏ် (EXIM)ရုံးခွဲ မြန်မာတွင် ဖွင့်မည်

This article has been converted from Zawgyi One to Unicode

အိန္ဒိယ သွင်းကုန် ထုတ်ကုန်ဘဏ်(EXIM)ကိုယ်စားလှယ် ရုံးခွဲကို မြန်မာနိုင်ငံ၌ လာရောက်ဖွင့်လှစ်မည် ဖြစ်ကြောင်း The Economic Times သတင်း တွင် ဖော်ပြထားသည်။ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး တိုးမြှင့်လာမည့်အပေါ် ရည်ရွယ်၍ ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း EXIM ဘဏ် ဥက္ကဌ T.C. A Ranganathan က ပြောကြားသည်ဟုလည်း ဆိုသည်။ ၎င်းဘဏ်သည် အိန္ဒိယနိုင်ငံတွင် ဘဏ်ခွဲ ၁၀ ခုရှိပြီး နိုင်ငံတကာတွင် ၇ ခု ဖွင့်လှစ်ထားကြောင်း၊ မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံးခွဲ ဖွင့်ခွင့် တင်ထားပြီးဖြစ်၍ မကြာမီကာလ အတွင်း လုပ်ငန်းများ စတင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Loading