ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များအတွက် လူသားချင်း စာနာမှုဆိုင်ရာ အရေးပေါ် အကူအညီများ ပေးရန် မြန်မာ နိုင်ငံ ခေါင်းဆောင် များကို ကုလသမဂ္ဂ က တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံသို့ ရောက်ရှိနေသော လူသားချင်းစာနာမှု အကူအညီပေးရေး ဆိုင်ရာ လက်ထောက် အတွင်းရေးမှူးချုပ် Valerie Amos က တောင်းဆို လိုက်ခြင်း ဖြစ်သည်။ လတ်တလောရှိနေသည့် ဒုက္ခသည် ၁၁၅၀၀၀ အတွက် အကူအညီ အမေရိကန် ဒေါ်လာ ၆၈ သန်း ကုန်ကျမည်ဖြစ်ရာ နောက် ၉ လအတွက် ဒေါ်လာ ၄၁ သန်း လို အပ်နေသေးကြောင်းလည်း ကုလသမဂ္ဂက ယနေ့ ထုတ်ပြန်ထားသည်။ Valerie Amos သည် ပဋိပက္ခများ ဖြစ်ပွားရာ ရခိုင်ဒေသ သို့ ယမန်နေ့က သွားရောက်ခဲ့သည်။ ၎င်းသည် မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၄ ရက်မှ ၇ ရက်အထိ ခရီးစဉ်ရောက်ရှိနေခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။