နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများကို သာသနာရေး ဝန်ကြီးဌာန ဝန်ကြီး သူရ ဦးမြင့်အောင်က ယမန်နေ့ နံနက် ပိုင်းတွင် လက်ပံတောင်း ဆန္ဒပြ သံဃာတော်များ အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး တောင်းပန်လျှောက်ထားကြောင်း သိရသည်။
ဝန်ကြီးက လက်ပံတောင်းတောင် ဖြစ်စဉ်နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်သူများ၏ မသိနားမလည်မှုကြောင့် ချို့ယွင်း အား နည်းမှုများ ရှိနိုင်သဖြင့် တောင်းပန်လျှောက်ထားကြောင်း၊ ဒဏ်ရာရ သံဃာများကို ဘာသာရေး ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ် မှုတချို့လည်း စနစ်တကျ စီမံအကွက်ချမှုများရှိကြောင်း စသည်ဖြင့် ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။ တောင်းပန် လျှောက်ထားခြင်း အခမ်းအနားကို ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေရှိ သံဃမဟာနာယအဖွဲ့ မဟာနာယက ကျောင်း ဆောင် အစည်းအဝေးခမ်းမ၌ ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။