သတင်းတို

နတ်မောက်တွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော

This article has been converted from Zawgyi One to Unicode

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ကျရောက်သည့် ၉၂ နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အနေနှင့် ဗိုလ်ချုပ်အောင်ဆန်း ၏ ဇာတိမြို့နတ်မောက်တွင် ဒေသခံ ပြည်သူလူထုနှင့် တွေ့ဆုံ၍ မိန့်ခွန်း ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်းမှစတင်၍ နေပြည်တော်မှထွက်ခွာလာခဲ့ရာ နတ်မောက် ခရီးစဉ်တလျှောက် တောင် တွင်းကြီးမြို့၊ မြို့သစ်မြို့များကို ဝင်ရောက်ခဲ့ပြီး မွန်းလွဲပိုင်း၌ နတ်မောက်မြို့ဗိုလ်ချုပ် ကြေးရုပ်အနီးတွင် ၂၅ မိနစ်ခန့် မိန့်ခွန်းပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။

 

Loading