သတင်းတို
မန္တလေးနှင့် ရန်ကုန်မြို့တွင် သံဃာများ ငြိမ်းချမ်းစွာ လှည့်လည် ဆန္ဒပြ
This article has been converted from Zawgyi One to Unicode
လက်ပံတောင်း တောင် ဆန္ဒပြသံဃာများကို အကြမ်းဖက်ဖြိုခွဲမှုနှင့် ပတ်သက်ပြီး ရန်ကုန်နှင့် မန္တလေးမြို့ရှိ သံဃာတော်များ ယနေ့ ငြိမ်းချမ်းစွာ လမ်းလျှောက် ဆန္ဒပြကြသည်။ နေ့လယ် ၂ နာရီအချိန်မှ စတင်ပြီး မန္တလေး သံဃာတော် ၅၀၀ ခန့်သည် အိမ်တော်ရာ ဘုရားဝင်းမှ စတင်ထွက်ခွာ၍ ၂၆ ဘီ လမ်း အတိုင်း၊ ယင်းမှ ၈၄ လမ်း၊ ထိုမှ ၃၁ လမ်းအတိုင်း အနောက်ဘက်သို့ ဆင်းကာ သကျ
သီဟ ဘုရားဝင်းအတွင်းအထိ စီတန်း လှည့်လည်ခဲ့သည်။ ရန်ကုန်မြို့တွင်လည်း သံဃာတော် အပါး ၇၀ ခန့်သည် နေ့လယ် ၁ နာ ရီ ဝန်းကျင်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်း ဘုရားကြီး မှစတင်၍ ဆူးလေ ဘုရားအထိ လက်ပံတောင်းမှ ဒဏ်ရာရ သံဃာတော်များ၏ ရုပ်ပုံများကို ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြကြခြင်း ဖြစ်သည်။