အမျိုးသား လူ့အခွင့်အရေးကော်မရှင် လူ့အခွင့်အရေးနေ့ ကြေညာချက်ထုတ်
This article has been converted from Zawgyi One to Unicode
အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ယနေ့ကျရောက်သော နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် အချက် ၉ ချက်ပါ လူ့အခွင့် အရေးဆိုင်ရာ ကြေညာချက် တစောင် ထုတ်ပြန်သည်။ ယင်း ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး ဆောင်ရွက်ချက်များနှင့် ပတ်သက်ပြီး သက်ဆိုင်သူအားလုံး၏ ပူးပေါင်းဆောင်ရွက်မှု မရှိပါက လူသား အားလုံး၏ မွေးရာပါ ဂုဏ်သိက္ခာကို လေးစားမှုရှိသည့် လူ့အဖွဲ့အစည်းတရပ် ပေါ်ပေါက်ရေးအတွက် အလှမ်းဝေး နေဦးမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ လူ့အခွင့်အရေး ကြေ ညာ စာတမ်းကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အတည်ပြုချမှတ်ခဲ့ပြီး ယင်းအတည်ပြုခဲ့သည့်နေ့ကို နိုင်ငံတကာ လူ့အခွင့် အရေးနေ့အဖြစ် သတ်မှတ်ရန် မဲခွဲဆုံးဖြတ်ရာ မြန်မာနိုင်ငံသည် ပထမဆုံး ထောက်ခံမဲ ပေးသည့်နိုင်ငံ တနိုင်ငံ ဖြစ်သည့်အပြင် နိုင်ငံတကာ လူ့အခွင့်အရေး အသိုက်အဝန်းနှင့်အတူ လက်တွဲဆောင်ရွက်လျက် ရှိကြောင်းလည်း ကြေညာချက်တွင် ပါရှိသည်။