သတင်းတို

အိန္ဒိယ ဆက်သွယ်ရေး နည်းပညာသုံး ကျန်းမာရေး ဝန်ဆောင်မှု ရန်ကုန်တွင် စတင်

This article has been converted from Zawgyi One to Unicode

အိန္ဒိယနိုင်ငံ အပိုလို ဆေးရုံများအဖွဲ့က မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ခေတ်မီ ဆက်သွယ်ရေး နည်းပညာသုံး ဆေးဝါးကုသရေး (Telemedicine)ဝန်ဆောင်မှုလုပ်ငန်း ဖွင့်လှစ်ထားကြောင်း သတင်းရသည်။ ဝန်ဆောင်မှုများအနေနှင့် တာဝန်ယူ ကုသပေးမှု၊ ဆွေးနွေး အကြံပေးမှု၊ ပြန်လည် စိစစ်သုံးသပ်ပေးမှု၊ ဆေးဝါး ကုသပေးပြီးသည့်နောက် လိုအပ်သော အထောက်အပံ့များ၊ ဆေးဝါးကုသရေးနှင့် ဆက်သွယ်နည်းပညာ ဆိုင်ရာ ဆက်စပ် ဆောင်ရွက်မှုများကို ပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း Gulf Today သတင်း၌ ယနေ့ ရေးထားသည်။

Loading