သတင်းတို

သန်းခေါင်စာရင်း ဥပဒေကြမ်း ပြဌာန်း

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု လွှတ်တော်က “လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ဥပဒေကြမ်း” ကို ပြန်ဌာန်းလိုက်သည်။ ယင်း ဥပဒေကြမ်းတွင် သန်းခေါင်စာရင်း ကောက်ယူခွင့်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များ စသည့် အခန်း ၇ ခန်း ပါရှိသည်။ နိုင်ငံတော်၏ လူဦးရေ၊ တိရစ္ဆာန်၊ အဆောက်အအုံ၊ ပစ္စည်း၊ လုပ်ငန်းစာရင်းများနှင့် စာရင်းအင်း ဆိုင်ရာ အချက် အလက်များကို တိကျမှန်ကန်စွာရရှိနိုင်ရန် သန်းခေါင်စာရင်း ကောက်ယူခြင်း ဖြစ်ကြောင်း၊ ယင်းသို့ ကောက်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ ကောက်ယူခြင်း၊ ယင်းစာရင်းဇယားများကို အခြေခံ၍ နိုင်ငံတော်၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး ဆိုင် ရာ ကိစ္စ များတွင် အကျိုးရှိစွာ အသုံးချခြင်းတို့ ပြုလုပ်နိုင်ရန် ပြဌာန်းလိုက်ခြင်း ဖြစ်ကြောင်း ယမန်နေ့ က အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။

Loading