လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုကို တရားမျှတစွာဖြေရှင်းရန်နှင့် ဖမ်းဆီးထိန်းသိမ်းထား သူများအား အမြန်ဆုံးလွှတ်ပေးရန် ယနေ့ ကျရောက်သည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့တွင် နံံနက် ၁၀ နာရီ ဝန်းကျင်က ရန်ကုန်မြို့ မြို့တော်ခန်းမ ရှေ့၌ မျိုးဆက်သစ် လူငယ်များ အဖွဲ့က ဆန္ဒထုတ်ဖော်ကြသည်။ လူ အင်အား ၃၀ ကျော်ရှိသည့် ယင်း အဖွဲ့က“အကြမ်းဖက်မှု ရပ်”ဟူသော ဆိုင်းဘုတ်များ၊ လက်ပံတောင်း၌ အကြမ်းဖက် ဖြိုခွဲမှုကြောင့် ဒဏ်ရာရခဲ့သော သံဃာတော်များ၏ ဓာတ်ပုံများကို ကိုင်ဆောင်၍ ဆန္ဒပြကြခြင်း ဖြစ်သည်။ ဧရာဝတီတိုင်း ပုသိမ်မြို့တွင် လည်း လက်ပံတောင်း ကြေးနီစီမံကိန်း ရပ်ဆိုင်းပေးရန် ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ထဲသို့လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြ သည်။ ယင်းလှုပ်ရှားမှုအား နိုင်ငံရေးအကျဉ်းသားဟောင်း ရွှေဝါရောင် ဆရာတော် ဦးတေဇောဘာသ (ခေါ်) ဦးပဉ္ဇင်းနိုင်ကြီးက ဦးဆောင်၍ အင်အား၂၀ ခန့် ဆန္ဒဖော်ထုတ်ကြကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။