တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး ပြပွဲ ကို ရှမ်းပြည်နယ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်တွင် တနင်္ဂနွေက စတင် ကျင်းပ ကြောင်း သိရသည်။ ၃ ရက်ကြာကျင်းပသည့် ၁၂ ကြိမ်မြောက် ယင်း နယ်စပ် ကုန်သွယ်ရေးပြပွဲ၌ ဆိုင်ခန်းပေါင်း ၂၀၀ ကျော် ရှိရာ တရုတ်နှင့် မြန်မာ အပြင် ထိုင်းနိုင်ငံမှ ကုန်စည်များ ပြသသည့် ဆိုင်ခန်းများလည်း ပါဝင်ကြောင်း၊ စိုက်ပျိုးရေး၊ ရေထွက်ကုန်၊ ကျောက်မျက် ၊ ရိုးရာ လက်မှုပစ္စည်းများ၊ ရိုးရာတိုင်းရင်းဆေးဝါးများ၊ လျှပ်စစ်ပစ္စည်း၊ ပရိဘောဂ နှင့် အိမ်သုံးပစ္စည်းများ စသည်တို့ ပြသ ရောင်းချရောင်း ဆင်ဟွာသတင်းက ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။