ရွှေဝါရောင် တော်လှန်ရေးကာလ ထင်ရှားသူ သံဃာတပါးဖြစ်သည့် အရှင်ဂမ္ဘီရ ခေါ် လူအမည် ကိုညီညီလွင်ကို မကြာ သေးခင်က ပြန်လည် ဖမ်းဆီးထိန်းသိမ်းခဲ့ရာမှ ယမန်နေ့ည ၈ နာရီခန့်တွင် သံလျင် မြို့နယ် တရားရုံးက ကြားဖြတ် အာမခံဖြင့် လွှတ်ပေးလိုက် သည်။ ကိုညီညီလွင်သည် ထောင်ဒဏ် ၆၃ နှစ် ချမှတ်ခံထားရာမှ လွန်ခဲ့သည့် ဇန်နဝါရီလက သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။ ထို့နောက် ချိတ်ပိတ်ထားသည့် ရန်ကုန်မြို့ သင်္ဃန်းကျွန်း မဂ္ဂင် ကျောင်းတိုက်နှင့် သံလျင်မြို့နယ် က ဘုန်းကြီးကျောင်း တို့ကို ဖွင့်၍ ဝင်ရောက်ခဲ့ခြင်းတို့အတွက် ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးတရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။