တနင်္သာရီတိုင်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်း ဆောင်ရွက်မည့် အသေးစိတ် အစီအစဉ်များနှင့် ပတ်သက်ပြီး မြန်မာနှင့်ထိုင်း သဘောတူ လက်မှတ်ရေးထိုး အတည်ပြုရန် ကြန့်ကြာနေဦးမည် ဖြစ်ကြောင်း သိရသည်။ ထားဝယ်ဖွံ့ဖြိုးရေးကုမ္ပဏီ၏ လက်အောက်ခံ ကုမ္ပဏီဖြစ်သော အီတာလျံ-ထိုင်းကုမ္ပဏီသည် ပြီးခဲ့သည့် သြဂုတ်လကတည်းက လက်မှတ်ရေးထိုး နိုင်ရန် စီစဉ်ခဲ့ ကြောင်း၊ ဖွံ့ဖြိုးရေး အသေးစိတ်အစီအစဉ်များ လာမည့်နှစ် ဖေဖော်ဝါရီတွင် ပြီးစီးမည်ဖြစ်ကြောင်း အီတာလျံ-ထိုင်းဖ ွံ့ဖြိုးရေး ကုမ္ပဏီ (ITD) ဥက္ကဌ Premchai Karnasuta က ပြောဆိုကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။ ထားဝယ် ဖွံ့ဖြိုးရေး စီမံကိန်းတွင် အထည်အလိပ်လုပ်ငန်း၊ အစားသောက်လုပ်ငန်း၊ လျှပ်စစ်ပစ္စည်း လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံသူ ၁၀၀ ကျော်ရှိသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။