သက်တမ်းကုန်ဆုံးတော့မည့် ဖန်လုံအိမ် ကာဗွန်ဓာတ်ငွေ့လျှော့ချရေးဆိုင်ရာ ၁၉၉၇ ခုနှစ် ကျိုတို သဘောတူညီချက်နှင့် ပတ် သက်ပြီး နိုဝင်ဘာ ၂၆ ရက်နေ့ ကာတာနိုင်ငံ ဒိုဟာမြို့၌ ပြုလုပ်သည့် ၁၈ ကြိမ်မြောက် ကမ္ဘာ့ ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီ လာခံက ယင်း သဘောတူညီချက်ကို ၂၀၂၀ ပြည့်အထိ သက်တမ်းတိုးရန် သဘောတူလိုက်ပြီဖြစ်ကြောင်း ဝါရှင်တန်ပို့စ် သတင်း တွင် ဖော်ပြထားသည်။ ကျိုတို သဘောတူညီချက်သည် လာမည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။ ကမ္ဘာကြီး ပူနွေးလာတာကို ထိန်းချုပ်နိုင်ရန်၊ နိုင်ငံ တကာက ရည်မှန်းထားသည့် အပူချိန်ကို ၂ ဒီဂရီ စင်တီဂရိတ် လျှော့ချနိုင်ရေး အတွက် အစိုးရများ၊ စီးပွားရေး လုပ်ငန်းများ၊ လူထု အခြေပြု အဖွဲ့အစည်းများနှင့် ကမ္ဘာ့ပြည်သူများက လက်တွေ့ လုပ်ငန်းများကို အရှိန်မြှင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်းလည်း ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။