သတင်းတို

မုံရွာ ဝိနည်း စာတော်ပြန်ပွဲ ယခုနှစ် ရပ်နား

This article has been converted from Zawgyi One to Unicode

နှစ်စဉ် နတ်တော်လဆန်း ၂ ရက်မှ ၅ ရက်နေ့အထိ မုံရွာမြို့ အလယ်ရပ်၊ ဝိနယဗိမာန်တော်ကြီးတွင် ကျင်းပလေ့ရှိသည့် မုံရွာခရိုင် ၈ မြို့နယ်လုံးဆိုင်ရာ ရွှေကျင်နိကာယ ဝိနည်းစာတော်ပြန်ပွဲကြီးကို ယခုနှစ်အတွက် ရပ်နားလိုက်ကြောင်း သိရသည်။ တချို့သော ဆရာတော်ကြီးများနှင့် စာပြန်သံဃာများက လက်ပံတောင်းတောင် ဆန္ဒပြသံဃာတို့အား မီးလောင်ဗုံးများဖြင့် အကြမ်းဖက် ဖြိုခွဲခံခဲ့ ရခြင်းကြောင့် စိတ်မချမ်းမသာဖြစ်ကြရကြောင်း၊ စာဖြေ စာပြန်ရန် အခက်အခဲ ရှိကြောင်း တင်ပြ လျှောက်ထားကြသဖြင့် နာယက ဆရာတော်ကြီးများနှင့် ဝိနယနုဂ္ဂဟ လူကြီးများ ဒီဇင်ဘာ ၉ ရက် နေ့လယ်ပိုင်းက မုံရွာမြို့၊ ရွှေကျင်ဓမ္မာရုံကျောင်းတိုက်၊ သန္နိပါတ အစည်းအဝေးခန်းမ၌ အစုံအညီ စည်းဝေးကြပြီး ယခုနှစ် ၃၁ ကြိမ်မြောက် ဝိနည်း စာတော်ပြန်ပွဲကို ရပ်နားကြရန် တညီတညွတ် တည်း ဆုံးဖြတ်ကြကြောင်း သိရသည်။

Loading