သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယနိုင်ငံ၌ ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် ကျင်းပမည့် အိန္ဒိယ – အာဆီယံနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် ရှိကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး Salman Khurshid သည်လည်း မြန်မာနိုင်ငံသို့ ဒီဇင်ဘာ ၁၄ ရက် တွင် လာရောက်မည် ဖြစ်ပြီး ၎င်း၏ ၃ ရက်ကြာ ခရီးစဉ်အတွင်း တွေ့ဆုံ ဆွေးနွေးမှုများ၊ လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အိန္ဒိယ သတင်းများက ဆိုသည်။ Salman Khurshid သည် ရန်ကုန်မြို့တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာ ညီလာ ခံသို့ တက်ရောက်ရန် ရှိကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။