ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် စစ်ပွဲများတွင် အစိုးရ စစ်တပ်က ဆွီဒင် နိုင်ငံလုပ် လက်နက်များကို အသုံးပြုနေကြောင်း သိရသည်။ ဆွီဒင်လုပ် အဆင့်မြင့် M-3 Carl Gustav လက်နက်များကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က အစိုးရတပ်ဖွဲ့ထံမှ သိမ်းဆီး ရရှိခဲ့ကြောင်း ဆွီဒင် သတင်းစာ Svenska Dagbladet ကို ကိုးကား၍ The Independent သတင်းတွင် ဖော်ပြ ထား သည်။ ဆွီဒင် နိုင်ငံသည် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတနိုင်ငံ ဖြစ်ပြီး ဥရောပ သမဂ္ဂ က မြန်မာနိုင်ငံကို လက်နက် ရောင်း ဝယ်မှု ပိတ်ပင်ထားဆဲ ဖြစ်သည်။ ယင်းကိစ္စကို ဆွီဒင် အစိုးရက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။