လက်ပံတောင်း ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံချက်အရ အက်စစ်ထိမိပြီး ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့် ကလေးငယ် ၄ ဦးကို ရန်ကုန် ကလေးဆေးရုံကြီး အထူးကု ဆရာဝန်ကြီးများ၏ စစ်ဆေးတွေ့ရှိချက်အရ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း သမ္မတရုံးက ယနေ့နေ့စွဲဖြင့် ထုတ်ပြန်ကြေညာထားသည်။ ကလေးငယ် ၃ ဦးမှာ သူငယ်နာအကြောနှင့် ကြွက်သားအားနည်း ဂေါရာဖြစ်ပြီး တဦးမှာ ဦးနှောက်အကျိတ်ကို လွန်ခဲ့သော ၅ နှစ်က ခွဲစိတ်ထားရမှ မျက်စိ တဖြည်းဖြည်း ကွယ်သွားခြင်းဖြစ်ကြောင်း၊ အက်စစ်ကြောင့် ဖြစ်သည့် ရောဂါများ မတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။