သတင်းတို

တနှစ်ပြည့် အပစ်ရပ် သုံးသပ်ချက် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

ငြိမ်းချမ်းသည့် နည်းလမ်းဖြင့် ရှှမ်းပြည် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး တိုက်ပွဲဝင်သွားရန် အနာဂတ်နိုင်ငံရေး ရည်မှန်းချက်များကို ချမှတ်ထားကြောင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ခေါ် ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) က ယနေ့ ပြောကြားလိုက်သည်။ ၂၀၁၃ ခုနှစ်တွင် အစိုးရနှင့် နိုင်ငံရေး ဆွေးနွေးပွဲများ၌ ပြည်သူလူထု ပါဝင်နိုင်ပြီး သဘောတူညီမှု ရရှိနိုင်ရေးအတွက် RCSS/SSA က ပြည်သူများကို စည်းရုံး တိုက်တွန်းသွားမည် ဖြစ်ကြောင်း တနှစ်ပြည့် အပစ်အခတ်ရပ်စဲခြင်း အပေါ် ၎င်း၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ RCSS/SSA အနေနှင့် ပြည်သူလူထု၊ တခြား အဖွဲ့အစည်းများအားလုံးနှင့် တွေ့ဆုံဆွေးနွေးပြီး ညီညွတ်ရေးအတွက် လုပ်ဆောင် သွားရန်၊ မူးယစ်ဆေးဝါး အမြစ်ပြတ် ချေမှုန်းတိုက်ဖျက်ရန် အပါအဝင် ရှမ်းပြည် ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ပြဿနာများကို ဖြေရှင်းရန်နှင့် စစ်ရေးနည်းလမ်းကို နောက်ဆုံး ကျပ်တည်းသည့် မလွှဲမရှောင်သာ အဆင့်တွင်မှသာ အသုံးပြုရန် စသည်တို့ကို ရည်မှန်ထားကြောင်း သိရသည်။

Loading