လက်ပံတောင်းတောင် ဖြစ်စဉ်တွင် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် သက်တော် ၆၄ နှစ်ရှိ ဦးတိက္ခဉာဏ ထိုင်းနိုင်ငံတွင် ဆေးဝါး ကုသမှု ခံယူရန် နိုင်ငံတော်က ဘန်ကောက်ဆေးရုံကြီးသို့ ဘတ် ၁ သန်း ကြိုတင်ပေးပို့ ထားကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။ ၎င်းနှင့်အတူ ညီဝမ်းကွဲ တော်စပ်သူ မန္တလေး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဦးဝင်း လိုက်ပါပြီး ယမန်နေ့ ညနေပိုင်းတွင် ထိုင်းနိုင်ငံသို့ လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။ အဆိုပါ ဘတ် ၁ သန်းမှာ ဆေးဝါးကုသမှု စပေါ်ငွေဖြစ်ပြီး နိုင်ငံခြား ဆေးရုံများတွင် ကျန်းမာရေးအတွက် ဆေးကုသခံယူပါက ယင်းကဲ့သို့ စပေါ်ငွေ တင်ထားရလေ့ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။