သတင်းတို

မြန်မာ မိုဘိုင်းဖုန်းများကို ပြည်ပနိုင်ငံများတွင် အသုံးပြုနိုင်ရန် ခွင့်ပြုမည်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများကို အာဆီယံ ၁၀ နိုင်ငံ အပါအဝင် ဥရောပနိုင်ငံ အများစုသို့ သယ်ဆောင် အသုံးပြုနိုင်မည့် Outbound Roaming စနစ်ကို လာမည့်နှစ်အတွင်း ခွင့်ပြုပေးတော့မည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ ခွင့်ပြု ပေးလိုက်ခြင်းဖြင့် ပြည်တွင်းမှ နိုင်ငံတကာသို့ သွားရောက်မည့်သူများ၏ မိုဘိုင်းဖုန်း ဆက်သွယ်မှုများအတွက် ပိုမို အဆင်ပြေလာစေမည်ဖြစ်ကြောင်း၊ အဆိုပါစနစ်ကို ၂၀၁၃ ဧပြီလတွင် စတင်အသုံးပြုနိုင်ဖွယ် ရှိကြောင်းနှင့် လက်ရှိ အချိန်တွင် မြန်မာပြည်မှ မိုဘိုင်းဖုန်းများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံများ၌ သယ်ဆောင်သွားကာ အသုံးပြုနိုင်နေပြီ ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ မိုဘိုင်း အင်ဂျင်နီယာချုပ်က ပြောသည်။ ပြည်ပနိုင်ငံများမှ မိုဘိုင်းဖုန်းများကို ပြည်တွင်းသို့ သယ်ဆောင်လာကာ အသုံးပြုနိုင်သည့် Inbound Roaming စနစ်ကိုမူ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့နှင့် ချိတ်ဆက်ထားပြီးဖြစ်ကြောင်း သိရသည်။

Loading