မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) ခေါ် ကျောင်းသား တပ်မတော် အဖွဲ့မှ ကိုယ်စားလှယ်များသည် ၂၄ နှစ်ကြာပြီးနောက် ဒီဇင်ဘာ ၁၈ ရက်မှစတင်၍ မြန်မာနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ သီတင်း ၂ ပတ် ကြာမြင့်မည့် ယင်းခရီးစဉ်သည် ယခုနှစ် ဇန်နဝါရီလမှ စတင်၍ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့် တွေ့ဆုံမှုများ ပြုလုပ်ခဲ့ပြီးနောက် ပထမ ဆုံး အကြိမ် သွားရောက်ခြင်း ဖြစ်သည်။ ခရီးစဉ်တွင် လက်ရှိ ဥက္ကဌ ဦးသံခဲ ဦးဆောင်၍ အဖွဲ့ဝင် ၉ ဦး ပါဝင်မည်ဖြစ်ကြောင်း သိရ သည်။ ABSDF အဖွဲ့ မြန်မာပြည်လေ့လာရေးခရီးစဉ် သွားရောက်မည့် အချိန်သည် ကချင်ပြည်နယ်တွင် အစိုးရတပ်နှင့် KIA တို့အကြား တိုက်ပွဲများအတွင်း ABSDF မြောက်ပိုင်း အဖွဲ့ဝင်များက KIA ဘက်မှ ကူညီတိုက်ခိုက်ပေးနေချိန်လည်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။