သတင်းတို

သမ္မတ ဦးသိန်းစိန် ထူးချွန်ထင်ရှား အာရှသားအဖြစ် ရွေးချယ်ခံရ

This article has been converted from Zawgyi One to Unicode

ထူးချွန်ထင်ရှား အာရှသားအဖြစ် ၂၀၁၂ ခုနှစ်အတွက် သမ္မတ ဦးသိန်းစိန်ကို The Strait Times သတင်းဌာနက ရွေးချယ်လိုက် သည်။ ဦးသိန်းစိန်၏ စွမ်းဆောင်ချက်များသည် မြန်မာနိုင်ငံအတွက် မဟာဗျူဟာ အခွင့်အလမ်းသစ်များ ပေါ်ထွန်းစေပြီး အရှေ့တောင် အာရှ အတွက်သာမက အာရှတိုက်တဝန်းကို ကောင်းကျိုးသက်ရောက်စေမည့် လုပ်ငန်းများ၊ ရဲရင့်ပြတ်သားသည့် လုပ်ရပ်များ ကြောင့် ရွေးချယ်ခြင်း ဖြစ်ကြောင်း အစိုးရ သတင်းစာများက ဖော်ပြထားသည်။ ယင်းဆုကို The Strait Times က နှစ်စဉ် ရွေးချာ် ချီးမြှင့်ခြင်း ဖြစ်ကြောင်း သိရသည်။

Loading