ကချင်ပြည်နယ်အတွင်း မကြာသေးခင်ကဖြစ်ပွားသော တိုက်ပွဲများ၌ အစိုးရ စစ်တပ်ဘက်က စစ်သုံး ရဟတ်ယာဉ်များသုံး၍ KIA တပ်ဖွဲ့ဝင်များကို ပစ်ခတ်ကြောင်း သိရသည်။ ယင်းတိုက်ပွဲများသည် KIA ဌာနချုပ် လိုင်ဇာမြို့အနီးနှင့် ဒုက္ခသည် စခန်းများ အနီး အထိ ပစ်ခတ်မှုများ ဖြစ်ပွားကြောင်း VOA သတင်းတွင် ပါရှိသည်။ ဒီဇင်ဘာ ၁၄ ရက်က KIA နှင့် ABSDF မြောက်ပိုင်းတပ်ဖွဲ့ ပူးပေါင်း တပ်နှင့် အစိုးရတပ်တိုက်ပွဲအတွင်း အစိုးရတပ်သား ၇ ဦး ဖမ်းဆီးမိကြောင်း၊ လက်နက်ကြီးများလည်း သိမ်းဆီးရမိကြောင်း BBC သတင်းကလည်း ဖော်ပြသည်။ အစိုးရနှင့် ကချင်တပ်များအကြား အတင်းမာဆုံး အခြေအနေကို ရောက်ရှိနေသည်ဟုလည်း ဆို သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။