ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်ပိုင်း ၉ နာရီကျော် က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိလာပြီး ကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်သည်။ လူနာဆောင်များ၊ သန့်စင်ခန်းများ၊ ဆေးသိုလှောင်ခန်းများ အစရှိသည်များကို ကြည့်ရှုစစ်ဆေးခြင်း ဖြစ်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၃ ရက်က လည်း ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်ဆေးရုံကြီးသို့ သွားရောက်၍ လက်ပံတောင်းတောင် ဒေသမှ လာရောက် ဆေးကုသမှု ခံယူနေသော ကလေး ၄ ဦးကို ကြည့်ရှုအားပေးမှုပြုလုပ်သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။