သတင်းတို

လက်ပံတောင်း၌ မီးခိုးဗုံးများသုံးဟု စုံစမ်းရေး ကော်မရှင် ထုတ်ပြန်

This article has been converted from Zawgyi One to Unicode

လက်ပံတောင်းတောင် ဆန္ဒပြ သပိတ်စခန်းများကို ရဲ တပ်ဖွဲ့က မီးခိုးဗုံးများသုံး၍ လူစုခွဲ ဆောင်ရွက်ခဲ့ ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က သတင်း ထုတ်ပြန်လိုက်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သော ယင်း သတင်း ထုတ်ပြန်ချက်၌ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲဆောင်ရွက်ခဲ့ရာ၌ သံဃာတော် တချို့နှင့် လူပုဂ္ဂိုလ်တချို့ မီးလောင် ဒဏ်ရာရရှိခဲ့ကြောင်း၊ ကော်မရှင်က ဒဏ်ရာရသူများ ဆေးကုသမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြောင်း၊ နိုင်ငံတော်က တာဝန်ယူလျက် ရှိကြောင်း၊ ဒဏ်ရာရ သံဃာ ဦးတိက္ခဉာဏ အား ထိုင်းနိုင်ငံတွင် ဆေးကုသရန် စီစဉ်ပေးလျက်ရှိပြီး ထိုင်း ဘတ်ငွေ ၁ သန်းကိုလည်း ဘန်ကောက်ဆေးရုံကြီး သို့ လွှဲပြောင်းပေးထားသည်ကို တွေ့ရှိရကြောင်း စသည်တို့ ပါရှိသည်။ လက်ပံတောင်း ဆန္ဒပြ ဖြိုခွဲမှုတွင် မီးလောင် ဒဏ်ရာ ရရှိမှုမှာ မီးလောင်ဗုံးများ သုံးသောကြောင့် ဖြစ်ကြောင်း သတင်းမီဒီယာ တချို့နှင့် ဝေဖန်သူများ၏ ပြောဆိုမှုများလည်း ရှိနေသည်။

Loading