ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်းရှိ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းကို တည်ဆောက်နေသည့် တရုတ် အမျိုးသားပိုင် ရေနံကုမ္ပဏီ (CNPC ) ရုံးရှေ့တွင် ဒေသခံ ပြည်သူ ၃၀၀ ခန့်သည် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဆန္ဒထုတ်ဖော်သွားမည် ဖြစ်ကြောင်း သိရသည်။ ထိုစီမံကိန်းကြောင့် လယ်မြေများ အဓမ္မသိမ်းယူခြင်း၊ အုန်းခြံများ ဆုံးရှှုံးခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ သဘာ၀ ပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ထိုဒေသ တဝိုက်၌ တနိုင်တပိုင် ငါးဖမ်းခွင့် တားဆီးပိတ်ပင်ခံရခြင်း စသည်တို့ကြောင့် မိမိတို့၏ ရပိုင်ခွင့်များအတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူ တဦးက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။