သတင်းတို

ဒုတိယ ကမ္ဘာစစ်အတွင်း ကျဆုံး ဂျပန်စစ်သည် ကမ္ပည်းကျောက်စာတိုင်များ ထားရှိ

This article has been converted from Zawgyi One to Unicode

ဒုတိယ ကမ္ဘာစစ်အတွင်း ဂျပန် လေတပ်၊ ကြည်းတပ်၊ တင့်ကားတပ်၊ မော်တော်ယာဉ် တပ်များမှ စစ်သည်အင်အား ၂၀၀၀၀ ကျော် အခြေပြုခဲ့သည့် မိတ္ထီလာမြို့တွင် ကျဆုံး ဂျပန်စစ်သည်များ၏ ကမ္ပည်းကျောက်စာတိုင်နှင့် လွမ်းစေတီတို့ တည်ထားကြောင်း သိ ရသည်။ မိတ္ထီလာမြို့ ပေါက်ချောင်းရပ်ကွက်သစ် ရွှေကျောင်း ဘုန်းတော်ကြီးကျောင်း အတွင်း၌ ၁၉၇၂ က ကျောက်စာတိုင် ရေး ထိုး မှတ်တမ်း ကမ္ပည်းတင်ခဲ့ပြီး အမှတ် ၁၀၂ မော်တော်ယာဉ်တပ်မှ ကျဆုံး ဂျပန်စစ်သားများ ကျောက်စာကမ္ပည်းတိုင်နှင့် လွမ်းစေ တီကို ၁၉၈၂ တွင် မိတ္ထီလာမြို့ ထုံးဘို ဘုန်းတော်ကြီးကျောင်း အတွင်း၌ စိုက်ထူ တည်ထားခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်း စာ ၌ ပါရှိသည်။

Loading