ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကာမိုင်း ရဲစခန်းကို ယနေ့နံနက် အစောပိုင်းတွင် KIA က အင်အား ၇၀ ခန့်ဖြင့် ဝင်ရောက် စီးနင်း ခဲ့ကြောင်း သိရှိရသည်။ မြန်မာ့တပ်မတော်နှင့် KIA က အတည်ပြုကြောင်း The Voice Weekly ဖေ့ဘုတ်တွင် ဖော်ပြထားသည်။ နှစ်ဘက် အကျအဆုံးနှင့် ပျက်စီးဆုံးရှုံးမှုများ ရှိသည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။