မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန် အခြေစိုက် Wilson သုတေသနအဖွဲ့က “The Ion Ratiu Democracy Award” ဒီမိုကရေစီဂုဏ်ပြုဆု ချီးမြှင့်မည်ဖြစ်ကြောင်း သတင်းရသည်။ ယင်းဆုကို ကမ္ဘာတလွှား ဒီမိုကရေစီရေး ကြိုးပမ်းမှု သမိုင်းတွင် ထူးခြား ပြောင်မြောက်သော စိတ်ကူးဉာဏ်ရည်၊ ကြံ့ကြံ့ခံ ရဲစွမ်းသတ္တိနှင့် ပြည့်စုံသူများအား အသိအမှတ်ပြုပေး အပ်ခြင်း ဖြစ်ကြောင်း သိရသည်။ ရိုမေးနီးယား နိုင်ငံရေးသမား Ratiu အမည်ကို ရည်ညွှန်းထားသော ထိုဆုကို လာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်မည် ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။