မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ်လ် သည် ကချင်ပြည်နယ်သို့သွားရောက်၍ ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ သတင်းများအရ သံအမတ်ကြီးသည် ယမန်နေ့က စတင် သွားရောက်ရန်ရှိသည်ဟု သိရသော်လည်း မည်သည့် အကြောင်းအရာများ ဆွေးနွေးမည်ဆိုသည်ကိုမူ မသိရှိရပေ။ ယနေ့တွင် သံအမတ်ကြီး သည် ကချင်ပြည်နယ်တွင်းရှိ လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့PCG ကို ကိုးကား၍ RFA က ထုတ်လွှင့်သည်။ စစ်ဘေး ဒုက္ခသည်များနှင့် တွေ့ဆုံမည် ဖြစ်ကြောင်းလည်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။