သတင်းတို

ကမ္ဘာကြီး ပျက်စီးမည့် ဟောကိန်း မမှန်ကန်

This article has been converted from Zawgyi One to Unicode

ရှေးဟောင်း မာယာလူမျိုးတို့၏ ပြက္ခဒိန်အရ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၁ ရက် နေ့တွင် ကမ္ဘာကြီး ပျက်စီးသွားမည် ဟူသည့် ကော လာဟလများ မှာ မဟုတ်မှန်ကြောင်း ဘရာဇီး အမျိုးသား အာကာသ သုတေသန သိပ္ပံက ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ငြင်းဆိုလိုက် သည်။ မာယာလူမျိုးတို့၏ ပြက္ခဒိန်မှာ အခြားမည်သည့် ပြက္ခဒိန်ထက်မဆို ပိုမိုကောင်းမွန်ပြည့်စုံသည် မှန်သော်လည်း ကမ္ဘာကြီး ပျက်စီး မည့်အကြောင်းနှင့်ပတ်သက်၍ မပါရှိဟုလည်း ကြေးမုံ သတင်းစာက ဆိုသည်။ အမေရိကန် အာကာသ အေဂျင်စီ နာဆာ ကလည်း အဆိုပါ ကမ္ဘာပျက်မည့် ဟောကိန်းကို ငြင်းဆိုထားသည်။ တရုတ်နိုင်ငံတွင် ကမ္ဘာပျက်မည်ဟု ကောလာဟလ လွှင့်၍ နိုင်ငံရေးလှုပ်ရှားမှုများ ဖြစ် လာရန် ဖန်တီးသူ အယ်လ်မိုက်တီးဂေါ့ ဘာသာရေး အစွန်းရောက်ဂိုဏ်းကို အာဏာပိုင်များက ဖမ်းဆီး ထိန်းသိမ်းလိုက်ကြောင်းလည်း သိရသည်။

Loading