ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ကော့က်စ် ဘဇားမြို့အခြေစိုက် အမှတ် ၁၇ နယ်ခြားစောင့် တပ်ရင်းမှ ဖမ်းမိ မူးယစ်ဆေးဝါးများတွင် မြန်မာ နိုင်ငံဘက်မှ တရားမဝင်သွင်းလာသည့် မူးယစ်ဆေးဝါး ၇၅ ရာခိုင်းနှုန်းကျော် ပါဝင်ကြောင်း သိရသည်။ ယမန်နေ့က ဖျက် ဆီး ခဲ့သော မူးယစ်ဆေးဝါးများမှာ ကောက်စ်ဘဇားမြို့နယ်အတွင်း ဖမ်းဆီးရမိခဲ့သော မြန်မာအရက် အလုံး ၁၅၀၀ ကျော်၊ စိတ်ကြွဆေးပြား အလုံး ၁၀၀၀၀ ကျော်၊ မြန်မာဘီယာဘူး ၁၀၀ ခန့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံလုပ် တောအရက် ၆၂ လီတာ၊ ဆေးခြောက် ၃ ကီလို ဂရမ်၊ ဖင်ဆီဒိုင်း ၁ လုံးတို့ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ပြောသည်။ ယင်းမူးယစ်ဆေးဝါးများမှာ နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ ဒု ဗိုလ်မှူးကြီး မူဟာမက် ခါလက်ကူ ဇာမန်က သတင်းထောက်များကိုပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။