အစ္စလမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အထွေထွေ အတွင်းရေးမှူးချုပ် ပါမောက္ခ Ekmeleddin Ihsanoglu သည် မကြာမီ မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိကြောင်း သိရသည်။ OIC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်သော အဆင့်မြင့် တာဝန်ရှိသူများ ၏ ယခု ခရီးစဉ်သည် မြန်မာနိုင်ငံအတွင်းရှိ မွတ်စလင်များ တိုက်ခိုက်ခံရမှု ရပ်ဆိုင်းရေးနှင့် ပတ်သက်သော ခရီးစဉ် ဖြစ်ကြောင်း ပါမောက္ခ Ekmeleddin Ihsanoglu က ယမန်နေ့တွင် ပြောကြားသည်ဟု Arab News သတင်းတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း OICကိုယ်စားလှယ် Mr. Ufuk Gokcen မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။