ထားဝယ် စီမံကိန်း ၏ ယခင် သတ်မှတ်ဧရိယာ ၂၀၄.၅ စတုရန်း ကီလိုမီတာကို ၁၅၀ စတုရန်း ကီလိုမီတာသို့ လျှော့ချ လုပ်ကိုင်ရန် မြန်မာနိုင်ငံက အဆိုပြုထားကြောင်း The Nation သတင်း၌ ဖော်ပြထားသည်။ သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့ ယမန်နေ့က တွေ့ဆုံဆွေးနွေးပြီးနောက် ယင်းအဆိုပြုချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအနေဖြင့် ထားဝယ် စီမံကိန်း အတွက် စုစုပေါင်း ထိုင်း ဘတ်ငွေ ဘီလီယံ ၂၇၀ (အမေရိကန် ဒေါ်လာ ၈ ဘီလီယံ) သုံးစွဲသွားမည် ဖြစ်ပြီး ဒေသတွင်း ကားလမ်းများနှင့် ရထားလမ်းများ တည်ဆောက်ရေး အတွက် ၇၅ ဘီလီယံ သုံးစွဲသွားမည် ဖြစ်ကြောင်း သိရသည်။ ထားဝယ် စီမံကိန်းတွင် ရေနက် ဆိပ်ကမ်း နှင့် စက်မှုဇုန် စီမံကိန်းများ ပါဝင်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။