မြန်မာ့ပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြု အားပေးသည့်အနေဖြင့် မြန်မာတပ်မတော် အရာရှိများကို စတင်သင်တန်းပို့ချတော့မည်ဟု အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်မှ တရားဝင်ပြောဆိုကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။ မြန်မာ တပ်မတော်အရာရှိများအား စစ်ဖက် တိုက်ခိုက်ရေးဆိုင်ရာများနှင့် မပတ်သက်သည့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီကယ်ဆယ်ရေး၊ စစ်ဖက် ဆိုင်ရာ ဆေးဝါးကုသရေးနှင့် ကာကွယ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု စသည့်ကဏ္ဍဆိုင်ရာ သင်တန်းများကို အဓိကထား ပို့ချမည်ဟုသိရသည်။ လာမည့် နှစ်တွင် ကျင်းပမည့် အမေရိကန်နှင့် ထိုင်းနိုင်ငံတို့၏ Cobra Gold စစ်ရေးလေ့ကျင့်မှုအား လာရောက် လေ့လာရန်လည်း မြန်မာနိုင်ငံကို ဖိတ်ကြား ထားသေးသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။