သတင်းတို

ထိုင်း ကုမ္ပဏီ ပထမဆုံး နှစ်ကူးပွဲ ကျင်းပမည်

This article has been converted from Zawgyi One to Unicode

ထိုင်းကုမ္ပဏီတခုက ရန်ကုန်မြို့တွင် ယခုလကုန်၌ ၂၀၁၃ အကြို နှစ်ကူး ပျော်ပွဲရွှင်ပွဲ ပါတီ ကျင်းပရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ ပွဲသို့ လူ ၅၀၀၀၀ ခန့် ပါဝင်ဆင်နွှဲနိုင်ရန် ခန့်မှန်းထားကြောင်း၊ ထိုင်း ဘတ်ငွေ ၃၅ သန်း အကုန်အကျခံ၍ ရန်ကုန်မြို့ရှိ မြို့မ အားကစားကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး စီစဉ်နေသည့် Index Creative Village ထိုင်း ကုမ္ပဏီက ပြော သည် ဟု Bangkok Post သတင်းစာတွင် ဖော်ပြထားသည်။

Loading