ထိုင်းနိုင်ငံ၌ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် ယာယီ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး လုပ်ငန်းစဉ်ကို ၃ လ ထပ်မံ တိုးမြှင့် ပေးလိုက်ကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ်တို့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ်က ၃ လ သက်တမ်းတိုးရန် ကတိပေး လိုက်ခြင်း ဖြစ်သည်။ ထိုင်းအစိုးရ အလုပ်သမား ဝန်ကြီးဌာနက ယင်း လုပ်ငန်းစဉ်သည် ဒီဇင်ဘာ ၁၄ ရက်၌ သက်တမ်းကုန်ဆုံးပြီ ဖြစ်၍ ထပ်မံ သက်တမ်းတိုးခြင်း မပြုတော့ကြောင်း မကြာသေး ခင် က ကြေညာထားသည်။ ထိုင်းနိုင်ငံအတွင်း၌ မြန်မာရွှေ့ပြောင်းလုပ်သား ၂.၅ သန်းခန့်ရှိပြီး အလုပ်သမား ၁ သန်းခန့်သည် မှတ်ပုံတင် မပြုလုပ်ရသေးဟု ခန့်မှန်းကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။