သတင်းတို

မဲဆောက်တွင် အသက်မပြည့်သေးသော မြန်မာ လိင်အလုပ်သမများကို ဖမ်းဆီး

This article has been converted from Zawgyi One to Unicode

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့ရှိ ဘီကေဟိုတယ်တွင် လိင်ဖျော်ဖြေရေး လုပ်ကိုင်နေသည့် အသက်မပြည့်သေးသော မြန်မာ မိန်းကလေးများကို ယနေ့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းများအရ သိရသည်။ ယခု ဖမ်းဆီးခံရသော မိန်းကလေးများသည် အသက် ၁၈ နှစ် မပြည့်သေးသူများ ဖြစ်ပြီး ကရင်ပြည်နယ် မြဝတီမြို့နယ်မှ တဆင့် ရောက်လာသူများ ဖြစ်ကြောင်း Matichon အွန်လိုင်း အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ အာဏာပိုင်များက လိင်ပျော်ပါးလိုသူများ ဟန်ဆောင်၍ မဲဆောက်မြို့ရှိ ဘီကေဟိုတယ်၌ ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်း မိန်းကလေးများနှင့် ဆက်စပ်နေသူ မြန်မာနိုင်ငံသား ၃ ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

Loading