သမ္မတ ဦးသိန်းစိန်သည် အိန္ဒိယ – အာဆီယံနိုင်ငံများ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့သို့ ယနေ့ ရောက်ရှိနေကြောင်း သတင်းရသည်။ ယင်းထိပ်သီး ဆွေးနွေးပွဲသည် ဒီဇင်ဘာ ၂၀ နှင့် ၂၁ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရ သည်။ ဦးသိန်းစိန်သည် နယ်ချဲ့ အင်္ဂလိပ်တို့က ဖမ်းဆီးခေါ်ဆောင်သွားသည့် မြန်မာနိုင်ငံ နောက်ဆုံးမင်းဆက် သီပေါမင်း ခေါင်းချရာ မဟာရာရှ်ထရာ ပြည်နယ် ရတနာဂီရိ မြို့သို့ သွားရောက်ရန်ရှိကြောင်း အိန္ဒိယ ရှိ သံတမန် အသိုင်းအဝန်းက ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။