ကြေးနီ ၃၃၈ တန် အလွဲသုံးစားလုပ်သည်ဟု စွပ်စွဲကာ ဖမ်းဆီးခံခဲ့ရသည့် မြန်မာအိုင်ဗင်ဟို ကော့ပါးကုမ္ပဏီလီမိတက် (MICL) မှ ဦးအောင်လောဟာနှင့် ဦးကျော်စိုးတို့ကို အများပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်မှု ဥပေဒ (အပက ၃) ဖြင့် မုံရွာခရိုင် တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။ ဒီဇင်ဘာ ၁၉ ရက်နေ့ ရုံးချိန်းပြီးနောက် နောက်တရက်တွင် မုံရွာထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း ဦးအောင်လောဟာ၏ ညီဖြစ်သူ ဦးအောင်လောကီးက ဧရာဝတီသို့ ပြောသည်။ ဆားလင်းကြီး တရားရုံးတွင် ၃ လကြာ စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၂၀ ရက်တွင် အပက ၃ ဖြင့် ခရိုင်တရားရုံးတွင် ပြောင်းလဲ တရားစွဲဆိုခြင်း ဖြစ်သည်။ ပစ္စည်းတန်ဖိုးများသဖြင့် အပက ၃ ဖြင့် အပြစ်ရှိကြောင်း တွေ့ရှိရပါက ပြစ်မှုကျူးလွန်သူကို အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တသက်တကျွန်းအထိ ခံရနိုင်ကြောင်း၊ ထို အပက ၃ ပုဒ်မကို စီရင်ပိုင်ခွင့်မှာ ခရိုင်တရားရုံးတွင်သာ ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။