ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဘီယာ သည် ပြီးခဲ့သည့် ရက် ပိုင်းက ရခိုင် ပြည်နယ်အတွင်းရှိ ကယ်ဆယ်ရေး စခန်းများသို့ လှည့်လည် ကြည့်ရှုကြောင်း သိရသည်။ မစ္စတာ နမ်ဘီယာ သည် ဒီဇင်ဘာ ၁၈ မှ ၁၉ အထိ ခရီးစဉ်၌ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများသို့ သွားရောက်ပြီး ဒေသခံများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ ပြန်လည်တည် ဆောက်ရေးနှင့် အခြေတကျ နေထိုင်နိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။ မစ္စတာ နမ်ဘီယာ နှင့်အတူ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးခင်ရီ၊ စုံစမ်း စစ်ဆေးရေး ကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင်လှိုင် တို့လည်း လိုက်ပါသွားသည်ဟု ဆိုသည်။ မစ္စတာ နမ်ဘီယာသည် ဇွန်လအတွင်းကလည်း ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သေး သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။