သတင်းတို

မြန်မာ-ဘင်္ဂလာနယ်စပ်အနီးရှိ တောင်ပြို-ကြိမ်ချောင်း ကားလမ်း ပြန်ဖွင့်ပေး

This article has been converted from Zawgyi One to Unicode

မြန်မာ-ဘင်္ဂလားဒေ့ရှ် အနီးရှိ ၁၅ မိုင်ရှည်လျှားသော မောင်တောမြို့နယ် တောင်ပြို-ကြိမ်ချောင်း ကားလမ်းကို ယခုလ ဒုတိယ အပတ်တွင်းက ပြန်လည်ဖွင့်လှစ်ပေး လိုက်ကြောင်း သိရသည်။ ဒုတိယ ကမ္ဘာစစ်အတွင်းက ဗြိတိသျှတို့ ဖောက်လုပ်ခဲ့သော အဆိုပါလမ်းသည် ၂၀၀၄ ခုနှစ်က ဘင်္ဂလာဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးလမ်းကြောင်းအဖြစ် သဘောတူထားသော လမ်းထဲမှ လမ်းပိုင်းတပိုင်းဖြစ်သည်။ ယင်းလမ်းကို မြန်မာအစိုးရဘက်က ကားသွားနိုင်ရန် ပြင်ဆင်ဖောက်လုပ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ဖွင့်လှစ်ပေးခဲ့သော်လည်း နယ်စပ်ဒေသ မငြိမ်သက်မှုများကြောင့် လမ်းကို မကြာခဏ ပိတ်ခဲ့သည်။ ယင်းကားလမ်း ပိတ်ထားချိန်တွင် ရေလမ်းကိုသာ အားကိုးခဲ့ကြရကြောင်း သိရသည်။

Loading