ငွေကြေး နှင့်ဆိုင်သည့် ဥပဒေများကို အသစ်ပြန်လည်ပြင်ဆင် ရေးဆွဲဆောင်ရွက် မည်ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်သောင်းက ယနေ့ ကုန်သည်များနှင့် စက်မှုလက်မှု အသင်းချုပ်ရုံး (UMFCCI) တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်ကို လုပ်ပိုင်ခွင့်နှင့် သီးခြားဆောင်ရွက်နိုင်ရန် ထောက်ပံ့ထားကြောင်း၊ နိုင်ငံတကာဘဏ်များနှင့် အဆင့်အတန်းမီစေရန် ထိန်းချုပ်ထားမှုများ ဖြေလျှော့ပေးမည် ဖြစ်ပြီး ငွေကြေးပညာရှင်များနှင့် တခြားဥပဒေပညာရှင်များလည်း ပါဝင် ရေးဆွဲစေလိုကြောင်း၊ လက်ရှိ UMFCCI နှင့် တိုက်ရိုက်သက်ဆိုင်သော ဝင်ငွေခွန်ဥပဒေနှင့် ကုန်သွယ်ခွန်ဥပဒေများကို အကြံဉာဏ်ရယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြည့်စုံမှုရှိစေရန် အမှန်တကယ် စီးပွားရေးလုပ်ဆောင်နေသည့် လုပ်ငန်းရှင်များ ပါဝင်ရန်လိုအပ်ကြောင်း ၎င်းက အခမ်းအနားတွင် ဆက် ပြောသွားသည်။ ဘဏ်ကိစ္စများ၊ ငွေကြေးဆိုင်ရာဥပဒေ၊ ဥပဒေကြမ်းများနှင့် စပ်လျဉ်းကာ အတွေ့အကြုံများ ဖလှယ်ခြင်း၊ အခက်အခဲများ တင်ပြ အကြုံပြုခြင်းများကိုလည်း UMFCCI ၏ ညီနောင်အသင်းများမှ လုပ်ငန်းရှင်များစွာက ယနေ့တွင် တက်ရောက် ဆွေးနွေးခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။