အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှု စနစ် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်က ဝန်ကြီးဌာနများနှင့် တိုင်း/ပြည်နယ် အစိုးရအဖွဲ့များအား ယနေ့နံနက်က မိန့်ခွန်း ပြောကြားသည်။ သမ္မတ ဦးသိန်းစိန်က အစိုးရ အုပ်ချုပ်မှု ယန္တရားများ၏ စီမံလုပ်ကိုင်မှု ထိရောက်ထက်မြက်ရန်၊ ယခင် အတွေးအမြင် လုပ်နည်းအတိုင်း မဟုတ်ဘဲ ဒီမိုကရေစီကျင့်စဉ်နှင့် လိုက်လျောညီထွေရှိမည့် အမြင်များဖြင့် လုပ်ဆောင်ရန် တိုက်တွန်းသွားသည်။ ထို့အပြင် ပြည်သူနှင့် ထိတွေ့နေရသည့် အောက်ခြေအဆင့် အစိုးရဌာနများ၏ ပွင့်လင်းမြင်သာမှု မရှိခြင်း၊ တာဝန်ယူဖြေရှင်းမှု မရှိခြင်း၊ လာဘ်ပေးလာဘ်ယူ ကိစ္စများ ဆက်ရှိနေခြင်းနှင့် စီမံခန့်ခွဲမှု စွမ်းရည် ကျဆင်းနေခြင်းတို့ကို ထောက်ပြ ပြောဆိုသွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။