စင်ကာပူနိုင်ငံမှ NEC ကော်ပိုရေးရှင်းက အိုင်စီတီ နည်းပညာရပ်များ ဖွံ့ဖြိုးရေး ရည်ရွယ်လျက် နေပြည်တော်၌ ရုံးခွဲဖွင့်လှစ်သွားမည် ဖြစ်ကြောင်း မလေးရှားနိုင်ငံထုတ် Business Times သတင်းစာတွင် ဖော်ပြထားသည်။ NEC ၏ အဆိုအရ ရုံးခွဲဖွင့်လှစ်မည့် အစီအစဉ်ကို လာမည့် ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် စတင်နိုင်မည်ဟု ဆိုသည်။ မြန်မာနိုင်ငံ၏ ပထဝီဝင် အနေအထား၊ ကြွယ်ဝသည့် သယံဇာတ အရင်းအမြစ်များနှင့် ဒီမိုကရေစီ လမ်းကြောင်းသို့ ဦးတည်နေခြင်းများက ကမ္ဘာတဝှမ်း စီးပွားရေး လုပ်ငန်းများကို ဆွဲဆောင်နေကြောင်း၊ အနာဂတ် နိုင်ငံ စီးပွားဖွံ့ဖြိုးရေး အတွက် အရေးအကြီးဆုံး အထောက်အပံ့မှာ နိုင်ငံ့လူဦးရေ ပျမ်းမျှ ၆၂ သန်း၏ သုံးပုံ တပုံကို မိုဘိုင်းဖုန်း ရစေရေး ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ၂၀၁၅ ခုနှစ်တွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းအထိ မိုဘိုင်းဖုန်းများ သုံးစွဲနိုင်စေရန် ရည်မှန်းဆောင်ရွက်နေကြောင်း NEC က ဆိုသည်။ NEC ကော်ပိုရေးရှင်းမှ အထွေထွေ မန်နေဂျာ Shin Sakamoto က – “မြန်မာနိုင်ငံကို ဆက်သွယ်ရေး ဆိုင်ရာ ခလုတ်ခုံတွေ၊ ဝိုင်ယာလက် ကိရိယာတွေ၊ ဂြိုဟ်တု ဆက်သွယ်ရေးနဲ့ အသံလွှင့်ခြင်းဆိုင်ရာ ဆက်စပ် ပစ္စည်းတွေကို ၃၅ နှစ်ကြာ တင်သွင်းခဲ့ပါတယ်” ဟု ဆိုသည်။ NEC ကော်ပိုရေးရှင်း အနေနဲ့ ဒေသတွင်း အိုင်တီ နည်းပညာနဲ့ ဆက်စပ်ဆောင်ရွက် လုပ်ငန်းများ၊ စက်မှုဇုန် များ၊ သဘာဝဘေးအန္တရာယ် တားဆီးကာကွယ်ရေး အချက်ပြစနစ်၊ လုံခြုံရေး၊ အီး အုပ်ချုပ်ရေးနှင့် လူထု အခြေပြု ထုတ်လုပ်ဝန်ဆောင်မှု စသည့် လုပ်ငန်းများတွင် အထောက်အပံ့ ပေးသွားမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။