ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် စက်မှုဖွံ့ဖြိုးရေးဇုန် လမ်းပမ်းဆက်သွယ်ရေး အတွက် ဘတ်ငွေ ၄ ဘီလီယံ ကုန်ကျမည်ဟု ထိုင်း ပို့ဆောင်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံတွင် တည်ဆောက်မည့် ထားဝယ် ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်များနှင့် ထိုင်းနိုင်ငံ Chon Buri နယ် ရှိ Laem Chabang ဆိပ်ကမ်းများ ဆက်သွယ်ရေး လမ်းများ တည်ဆောက်ရန် ၎င်း ငွေကြေးကို အသုံးပြုသွားမည် ဖြစ်သည်။ အဆိုပါ လမ်းဖောက်လုပ်မည့် အစီအစဉ်များထဲတွင် မော်တော်ကားလမ်းများ၊ မီးရထားလမ်းများနှင့် ဒေသတွင်းလမ်းများ ပါဝင်ကြောင်း ထိုင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး Chadchat Sittipunt ၏ ပြောကြားချက်ကို ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။