လွန်ခဲ့သည့် နှစ်က မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကျူးလွန်သည်ဟု စွပ်စွဲ၍ သေဒဏ် ချမှတ်ခံထားရသော မြန်မာနိုင်ငံမှ မူးယစ်ရာဇာ နော်ခမ်း အပါအဝင် ၆ ဦးတို့၏ အသနားခံစာကို ယနေ့တွင် တရုတ်နိုင်ငံ တရားရုံးက ပယ်ချလိုက်ကြောင်း ဆင်ဟွာသတင်းတပုဒ်က ဆိုသည်။ အဆိုပါ မဲခေါင်မြစ်အတွင်း တရုတ်နိုင်ငံသား ၁၃ ဦးသတ်ဖြတ်ခံရခဲ့မှုနှင့် ပတ်သက်ပြီး ထိုင်းစစ်တပ်မှ စစ်သား ၉ ဦးကိုလည်း ထိုင်းအစိုးရက ဖမ်းဆီထိမ်းသိမ်းထားရာ ၎င်းကိစ္စနှင့် ပတ်သက်၍ မရှင်းမလင်းဖြစ်နေသေးသည်။ ထို့ပြင် မူးယစ်ရာဇာ နော်ခမ်း၏ နောက်လိုက်ဟု ယူဆရသူ ထိုင်းတဦးကို ဘတ်ငွေ ၂၅ သန်းခန့်ရှိသည့် ပိုင်ဆိုင်မှုများနှင့် အတူ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်များအရ သိရသည်။ ချင်းမိုင်မြို့ရှိ အမှတ် ၅ ခရိုင် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့တို့ ပူးပေါင်း၍ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ယမန်နေ့ညက အမှတ် ၇ ရုပ်သံဌာနက ထုတ်လွှင့်သွားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။