မွန်ပြည်နယ်ပြည်နယ် ၁၀ မြို့နယ်တွင် အကောက်ခွန်မဲ့ ဇိမ်ခံကားများ ဖမ်းဆီးအရေးယူလျက် ရှိကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ၂၀၁၂ ခုနှစ် အောက်တိုဘာ ၁၂ မှ ဒီဇင်ဘာ ၂၃ ရက်နေ့အတွင်း ကားအစီးရေ ၆၄ စီး၊ အမှု ၆၄ မှု၊ တရားခံ ၄၉ ဦး၊ တန်ဖိုးငွေ ကျပ် သန်း ၁၅၀၀ ကျော် တန်ဖိုးရှိ ကားများကို ဖမ်းဆီးပြီး၊ ပို့ကုန် သွင်းကုန် ဥပဒေ ပုဒ်မ ၈ အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် နည်းအမျိုးမျိုးဖြင့် တရားမဝင် တင်သွင်းလာသည့် ဇိမ်ခံကားများကို စောင့်ကြည့် အရေးယူသွားမည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။