ကချင် လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် ယခုရက်ပိုင်အတွင်း အသိပေးထားကြောင်း သိရသည်။
ဒုက္ခသည်များကို စခန်းအပြင် မထွက်ရန်နှင့် ကတုတ်ကျင်းများ တူးထားရန် အသိပေးထားကြောင်း ကချင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဒွဲပီဆာ ဧရာဝတီသို့ ပြောသည်။ လတ်တလောတွင် လိုင်ဇာဌာနချုပ် အနီးအနားတွင် အစိုးရတပ်များ တိုးချဲ့လာနေကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။